အြန္လိုင္းေပၚက ခိုးေၾကာင္ခိုးဝွက္လိင္ဆႏၵမ်ားႏွင့္ ေနာက္ဆက္တြဲျပႆနာမ်ား

Violet of Myanmar ဆိုတဲ့ ျမန္မာအျပာကားထြက္ေပၚလာတဲ့ကယက္က ယခုရက္ပိုင္းအတြင္း အေတာ္ကေလးျပန္႔ျပန္႔ႏွံ႔ႏွံ႔ျဖစ္ေနသည္။ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႔အေနျဖင့္လည္း အဆိုပါကိစၥကို လိုက္လံစံုစမ္း ေနသည္။ အဆိုပါ ဗီဒီယိုကို ART Of Myanmar Production ဆိုေသာ Facebook စာမ်က္ႏွာမွ ျဖန္႔ခ်ိခဲ့ျခင္း ျဖစ္သည္။ ယခုဗီဒီယိုျဖန္႔ခ်ိမႈကို သိ႐ွိႏိုင္ရန္ Cyber Crime မွ နည္းပညာမ်ားျဖင့္ စံုစမ္းေနသည္ဟု ျပည္တြင္း သတင္းစာမ်ားတြင္ ေဖာ္ျပခဲ့ၾကသည္။
ထို႔အျပင္ ယခုခရမ္းျပာဟုအမည္ရေသာ ညစ္ညမ္း႐ုပ္႐ွင္ကားသည္ သူနာျပဳဇာတ္႐ုပ္ကို ဖန္တီး ႐ိုက္ကူးထားသျဖင့္ သူနာျပဳအသိုင္းအဝိုင္းကိုေစာ္ကားရာေရာက္သည္ဟုလည္း က်န္းမာေရးႏွင့္ အားကစား ဝန္ႀကီး႒ါန၊ ကုသေရးဦးစီး႒ါန ညႊန္ၾကားေရးမွဴးခ်ဳပ္ေဒါက္တာျမင့္ဟန္က ေျပာဆိုထားသည္ကို The Voice သတင္းစာမ်က္ႏွာတြင္ ေဖာ္ျပထားခဲ့သည္။
ဆိုရလွ်င္ ထြက္ေပၚလာခဲ့ေသာ ခရမ္းျပာအမည္႐ွိ ညစ္ညမ္းဇာတ္ကားႏွင့္ပတ္သက္ျပီး အလႊာေပါင္းစံုမွ လူမ်ားက ေဝဖန္ခဲ့ၾကသလို ေထာက္ခံသူမ်ားလည္း ႐ွိေနခဲ့သည္။ ေထာက္ခံသူမ်ားမွာ လူငယ္မ်ားျဖစ္သည္။ ထိုသို႔ဆိုရလွ်င္ ေထာက္ခံေသာလူငယ္မ်ားသည္ မည္သည့္အတြက္ေၾကာင့္ ေထာက္ခံၾကသနည္း။ “ကၽြန္ေတာ္ေထာက္ခံတယ္ဆိုတာက အြန္လိုင္းေပၚမွာ ခိုးေၾကာင္ခိုးဝွက္ျဖစ္ေနတဲ့ ကိစၥရပ္တစ္ခုကို အစိုးရက အခြန္ေငြေကာက္ခံတာမ်ိဳး၊ နည္းဥပေဒျပ႒ါန္းတာမ်ိဳး ျပဳလုပ္ျပီး ခြင့္ျပဳေပးလိုက္ေစခ်င္တာပါ” ဟု အသက္ ၃၀ ေက်ာ္အ႐ြယ္ လူငယ္တစ္ေယာက္က ေျပာသည္။
ယေန႔ျမန္မာႏိုင္ငံတြင္ အင္တာနက္အသံုးျပဳသူဦးေရ တိုးပြားေနျပီျဖစ္သလို ျမန္မာျပည္သူလူထုဟာ တစ္ေန႔လွ်င္ ပွ်မ္းမွ်အင္တာနက္အသံုးျပဳမႈ ႏွစ္နာရီေက်ာ္ခန္႔႐ွိေနသည္။ ၅၉ ရာခိုင္ႏႈန္းေသာ အင္တာနက္အသံုးျပဳသူေတြဟာ Social Media Network ကို သံုးစြဲေနၾကသည္။
ထိုကဲ့သို႔ အင္တာနက္သံုးစြဲမႈ ျမင့္တက္လာျခင္းေၾကာင့္ Facebook, Viber သာမက ျပည္တြင္းမွ ျဖန္႔ခ်ိထားေသာ Beetalk, Mychat မ်ားပါဝင္လာသည္။ ယခုေနာက္ဆံုးအေနျဖင့္ ဗီယက္နမ္ႏိုင္ငံမွ Zalo App သည္ ျမန္မာႏိုင္ငံ၏ အင္တာနက္အသံုးျပဳသူမ်ားၾကားသို႔ ဝင္ေရာက္လာျပီျဖစ္သည္။
Social Network App ေတြမွာ ဘာေတြ လႈပ္႐ွားၾကသလဲ
======================================
လူငယ္ေတြအေနနဲ႔ Social Network App ေတြမွာ ပံုစံအမ်ိဳးမ်ိဳးနဲ႔ လႈပ္႐ွားေနၾကသည္။ စာေပ၊ နည္းပညာ၊ အႏုပညာ၊ ဂိမ္း၊ ပညာေရး၊ လိင္ စသျဖင့္က႑မ်ားစြာတြင္ လိင္စာမ်က္ႏွာ ၾကည့္႐ႈသူဦးေရ မ်ားျပားသည္။ ယေန႔ Facebook Policy အရ လိင္ႏွင့္သက္ဆိုင္ေသာ Facebook Account မ်ားကို ျပည္ပႏိုင္ငံ မ်ားကဲ့သို႔ တရားဝင္မဟုတ္ပါက အလြယ္တကူဖြင့္၍မရေတာ့ေပ။
သို႔ေသာ္ ျမန္မာႏိုင္ငံမွ အခ်ိဳ႕ေသာသူမ်ားသည္ ယင္းကဲ့သို႔ေသာ အေကာင့္မ်ား၊ Page မ်ားကို ပံုစံတမ်ိဳးျဖင့္ ဖြင့္လွစ္ကာ လႈပ္႐ွားေနၾကသည္။ ထို႔အျပင္ ျပည္တြင္း Social Natwork App မ်ားျဖစ္ေသာ Beetalk, Mychat App မ်ားတြင္ Sex Chat သည့္ ကိစၥရပ္ကို တြင္တြင္က်ယ္က်ယ္အသံုးျပဳလာၾကသည္။
Sex Chat သည္သာမက လိင္ႏွင့္ပတ္သက္ေသာ ဆက္သြယ္မႈမ်ားကိုပါျပဳလုပ္လာၾကသည္။ Sex chat ရာတြင္ ႏွစ္ဦးသေဘာတူ chat ၾကသည္မ်ား႐ွိသလို ေယာက်ာ္းေလး၏ လြန္လြန္က်ဴးက်ဴး အေျပာ မ်ားေၾကာင့္ ႐ိုး႐ိုး႐ွင္း႐ွင္းအသံုးျပဳေနေသာ မိန္းကေလးမ်ားအတြက္ စိတ္ေသာက ျဖစ္စရာ ႀကံဳရေပ သည္။ “ညီမ Beetalk သံုးတာ တစ္ႏွစ္ေလာက္႐ွိပါျပီ။ အခ်ိဳ႕က အဂၤလိပ္လို hi,are you interested in sex? ဆိုတာမ်ိဳး ယဥ္ယဥ္ေက်းေက်း စာပို႔တာေတြ႐ွိသလို အခ်ိဳ႕ေယာက်ာ္းေလး အေကာင့္ေတြက အရမ္း႐ိုင္းပါ တယ္။ အဲဒီလို႐ိုင္းတဲ့ စာေတြပို႔လာရင္ အရမ္းစိတ္ညစ္ရပါတယ္” ဟု အေရာင္းဝန္ထမ္း လုပ္ကိုင္ေနေသာ မိန္းကေလးတစ္ဦးက သူ႔အေတြ႔အၾကံဳကို ေျပာျပသည္။
“အစ္မအေနနဲ႔ အရင္ကေတာ့ ကလပ္ကိုသြားပါတယ္။ အခုေနာက္ပိုင္း ဘားေတြေပၚလာေတာ့ ဘားေတြသြားပါတယ္။ ပံုမွန္အေနနဲ႔ ဝင္ေငြရေနတာေတာ့ မဟုတ္ပါဘူး။ အခုအစ္မ အင္တာနက္ အသံုးျပဳျပီး ေနာက္ပိုင္းမွာ အျပင္သိပ္မသြားေတာ့ပါဘူး။ လိုင္းေပၚကေနပဲ ဧည့္သည္ေတြရလာတတ္ပါတယ္” ဟု လိင္ေဖ်ာ္ေျဖမႈအလုပ္လုပ္ကိုင္သူ မမီးမီး (အမည္လႊဲ) ကေျပာသည္။
တစ္ခါတစ္ရံတြင္ Sex Chat သည္ဟုဆိုကာ ဖုန္းေဘလ္လိမ္လည္မႈမ်ားလည္း ႐ွိေနတတ္ေၾကာင္းကို လူငယ္တစ္ဦးက ေျပာသည္။ ယခုကဲ့သို႔ အင္တာနက္အသံုးျပဳမႈ က်ယ္ျပန္႔လာျပီး ေနာက္ပိုင္းတြင္ Sex Chat သည့္ကိစၥရပ္မ်ားသည္ အခ်ိဳ႕ေသာ အင္တာနက္အသံုးျပဳသူမ်ားအၾကား ေရပန္းစားလာခဲ့သည္။
အလိုတူသည္မ်ား႐ွိသလို၊ အလိုမတူမႈမ်ားလည္း႐ွိေနတတ္ေပသည္။ အလိုမတူသည့္ မိန္းကေလး အေကာင့္မွ ပံုမ်ားကို ယူကာ ညစ္ညမ္း Page မ်ားတြင္လည္းေကာင္း၊ Group မ်ားတြင္လည္းေကာင္း ျဖန္႔ေဝ မႈမ်ား႐ွိေနသည္။ အဆိုပါကိစၥရပ္မ်ားအတြက္ မည္သူတစ္ဦးတစ္ေယာက္ကမွ် တာဝန္ယူ ေျဖ႐ွင္းေပးမႈမ်ား မ႐ွိခဲ့ေၾကာင္း ကုမၸဏီဝန္ထမ္းမိန္းကေလးတစ္ဦးက ေျပာသည္။ “ညီမျဖစ္ခဲ့တာက ၂၀၁၆ ခုႏွစ္ စက္တင္ဘာလေလာက္မွာျဖစ္ခဲ့တာပါ။ ညီမကို Chat Box ကေန ညစ္ညမ္းစာေတြပို႔တယ္။ ညီမ ဘာမွျပန္မေျပာဘဲ ျငိမ္သြားမလားလို႔ ထားလိုက္မိတယ္။ ေနာက္တစ္ပတ္ေလာက္ၾကာေတာ့ ႐ံုးက ေမာင္ေလးတစ္ေယာက္က အစ္မပံုေတြ အဲဒီမွာျပန္႔ေနတယ္ေျပာလို႔ အစ္ကိုတစ္ေယာက္ရဲ႕ အကူအညီနဲ႔ ဝင္ၾကည့္ခိုင္းလိုက္တာ မဖြယ္မရာေတြေျပာျပီးတင္ထားတာ အမ်ားႀကီးပဲ။ အဲဒါကို Cyber Crime ကိုတိုင္ေတာ့လည္း ဘာမွ အက်ိဳးသက္ေရာက္မႈမျဖစ္ခဲ့ပါဘူး။” ဟု ထပ္ဆင့္႐ွင္းျပသည္။
ဘယ္လို ေျဖ႐ွင္းသင့္သလဲ
==================
အစိုးရပိုင္းအေနနဲ႔ အြန္လိုင္းေပၚမွာ ျဖစ္ပ်က္ေနတဲ့ လိင္မႈဆိုင္ရာက်ဴးလြန္ေစာ္ကားမႈေတြ၊ အသေရပ်က္စီးမႈေတြအတြက္ ေျဖ႐ွင္းေပးႏိုင္မည့္ နည္းလမ္းတစ္ခုကို ျပဳလုပ္သင့္ပါတယ္။ အလိုတူအလိုပါျဖစ္ျခင္းေၾကာင့္ Sex Chat ၾကျခင္း၊ အျပင္မွာ ခ်ိန္းေတြ႔ၾကျခင္းသည္ ျပႆနာ မႀကီးထြားေသာလည္း သမ႐ိုးက်အြန္လိုင္းသံုးစြဲေနေသာ မိန္းမပ်ိဳမ်ားအတြက္ ကာကြယ္မႈဆိုင္ရာ လုပ္ငန္းစဥ္တစ္ရပ္ကို ေဖာ္ေဆာင္ေပးသင့္သည္။
ဘာသာတရားႏွင့္ ယဥ္ေက်းမႈမ်ားေၾကာင့္ Sex Industrial Zone မျပဳလုပ္ႏိုင္ေသးလွ်င္ေသာ္လည္းေကာင္း၊ အေၾကာင္းအမ်ိဳးအမ်ိဳးေၾကာင့္ Sex Industrial Zone မေဖာ္ေဆာင္ႏိုင္ေသးလွ်င္ေသာ္လည္းေကာင္း မျဖစ္မေနအားျဖင့္ Sex ႏွင့္ပတ္သက္ေသာ ျပင္ပဥပေဒ၊ နည္းပညာဆိုင္ရာဥပေဒ တစ္ရပ္ရပ္ကို ျပ႒ါန္းေပးသင့္သည္။
ထိုသို႔မဟုတ္လွ်င္ ခိုးေၾကာင္ခိုးဝွက္ လိင္ဆႏၵမ်ားကို ေျဖေဖ်ာက္ၾကရင္း မူခင္းမ်ားျဖစ္ေပၚ ေနဦးမည္ ျဖစ္သည္။ ထို႔အျပင္ Cyber Crime အေနျဖင့္လည္း လူသိထင္႐ွားလာေသာ လိင္ျပႆနာမ်ားကို ေျဖ႐ွင္းေပး သည္ထက္ သိုသိုသိပ္သိပ္တိုင္ၾကားေနေသာ မိန္းမပ်ိဳေလးမ်ား၏ လိင္ပိုင္းဆိုင္ရာက်ဴးလြန္ ေစာ္ကားမႈမ်ားကို ေသခ်ာစြာကိုင္တြယ္ေျဖ႐ွင္းေပးသင့္ေပသည္။ အစိုးရအေနျဖင့္ ေျမျပင္အေျခအေန မဟုတ္ ေသာ အြန္လိုင္း ေပၚက Sex ႏွင့္ပတ္သက္ေသာ ျပႆနာမ်ားကို က်နစြာကိုင္တြယ္ မေပးႏိုင္ေသးလွ်င္ ယခုခရမ္းျပာကဲ့သို႔ ေသာ ညစ္ညမ္း႐ုပ္႐ွင္ျဖန္႔ခ်ိမႈမ်ားသာမက လူမသိသူမသိေသာ အြန္လိုင္းလိင္ပိုင္းဆိုင္ရာ က်ဴးလြန္မႈမ်ား သည္ ေျမျပင္သို႔ေရာက္႐ွိလာႏိုင္ျပီး မဆံုးႏိုင္ေသာ အဓမၼျပဳက်င့္မႈမ်ား၊ ေနာက္ဆက္တြဲျပႆနာ ရပ္မ်ားကို ေျဖ႐ွင္း ေပးေနရဦးမည္ဟု ထင္ျမင္မိပါေၾကာင္း။
ေလးစားခင္မင္စြာျဖင့္
သုေနာင္ (၂၇.၄.၂၀၁၇)
ထပ္ဆင့္ကူးယူေဖာ္ျပပါက အသိေပးပါရန္ေလးစားစြာေမတၱာရပ္ခံအပ္ပါသည္။


အွန်လိုင်းပေါ်က ခိုးကြောင်ခိုးဝှက်လိင်ဆန္ဒများနှင့် နောက်ဆက်တွဲပြဿနာများ
===================================================
Violet of Myanmar ဆိုတဲ့ မြန်မာအပြာကားထွက်ပေါ်လာတဲ့ကယက်က ယခုရက်ပိုင်းအတွင်း အတော်ကလေးပြန့်ပြန့်နှံ့နှံ့ဖြစ်နေသည်။ မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေဖြင့်လည်း အဆိုပါကိစ္စကို လိုက်လံစုံစမ်း နေသည်။ အဆိုပါ ဗီဒီယိုကို ART Of Myanmar Production ဆိုသော Facebook စာမျက်နှာမှ ဖြန့်ချိခဲ့ခြင်း ဖြစ်သည်။ ယခုဗီဒီယိုဖြန့်ချိမှုကို သိရှိနိုင်ရန် Cyber Crime မှ နည်းပညာများဖြင့် စုံစမ်းနေသည်ဟု ပြည်တွင်း သတင်းစာများတွင် ဖော်ပြခဲ့ကြသည်။
ထို့အပြင် ယခုခရမ်းပြာဟုအမည်ရသော ညစ်ညမ်းရုပ်ရှင်ကားသည် သူနာပြုဇာတ်ရုပ်ကို ဖန်တီး ရိုက်ကူးထားသဖြင့် သူနာပြုအသိုင်းအဝိုင်းကိုစော်ကားရာရောက်သည်ဟုလည်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဋ္ဌါန၊ ကုသရေးဦးစီးဋ္ဌါန ညွှန်ကြားရေးမှူးချုပ်ဒေါက်တာမြင့်ဟန်က ပြောဆိုထားသည်ကို The Voice သတင်းစာမျက်နှာတွင် ဖော်ပြထားခဲ့သည်။
ဆိုရလျှင် ထွက်ပေါ်လာခဲ့သော ခရမ်းပြာအမည်ရှိ ညစ်ညမ်းဇာတ်ကားနှင့်ပတ်သက်ပြီး အလွှာပေါင်းစုံမှ လူများက ဝေဖန်ခဲ့ကြသလို ထောက်ခံသူများလည်း ရှိနေခဲ့သည်။ ထောက်ခံသူများမှာ လူငယ်များဖြစ်သည်။ ထိုသို့ဆိုရလျှင် ထောက်ခံသောလူငယ်များသည် မည်သည့်အတွက်ကြောင့် ထောက်ခံကြသနည်း။ “ကျွန်တော်ထောက်ခံတယ်ဆိုတာက အွန်လိုင်းပေါ်မှာ ခိုးကြောင်ခိုးဝှက်ဖြစ်နေတဲ့ ကိစ္စရပ်တစ်ခုကို အစိုးရက အခွန်ငွေကောက်ခံတာမျိုး၊ နည်းဥပဒေပြဋ္ဌါန်းတာမျိုး ပြုလုပ်ပြီး ခွင့်ပြုပေးလိုက်စေချင်တာပါ” ဟု အသက် ၃၀ ကျော်အရွယ် လူငယ်တစ်ယောက်က ပြောသည်။
ယနေ့မြန်မာနိုင်ငံတွင် အင်တာနက်အသုံးပြုသူဦးရေ တိုးပွားနေပြီဖြစ်သလို မြန်မာပြည်သူလူထုဟာ တစ်နေ့လျှင် ပျှမ်းမျှအင်တာနက်အသုံးပြုမှု နှစ်နာရီကျော်ခန့်ရှိနေသည်။ ၅၉ ရာခိုင်နှုန်းသော အင်တာနက်အသုံးပြုသူတွေဟာ Social Media Network ကို သုံးစွဲနေကြသည်။ 
ထိုကဲ့သို့ အင်တာနက်သုံးစွဲမှု မြင့်တက်လာခြင်းကြောင့် Facebook, Viber သာမက ပြည်တွင်းမှ ဖြန့်ချိထားသော Beetalk, Mychat များပါဝင်လာသည်။ ယခုနောက်ဆုံးအနေဖြင့် ဗီယက်နမ်နိုင်ငံမှ Zalo App သည် မြန်မာနိုင်ငံ၏ အင်တာနက်အသုံးပြုသူများကြားသို့ ဝင်ရောက်လာပြီဖြစ်သည်။
Social Network App တွေမှာ ဘာတွေ လှုပ်ရှားကြသလဲ
======================================
လူငယ်တွေအနေနဲ့ Social Network App တွေမှာ ပုံစံအမျိုးမျိုးနဲ့ လှုပ်ရှားနေကြသည်။ စာပေ၊ နည်းပညာ၊ အနုပညာ၊ ဂိမ်း၊ ပညာရေး၊ လိင် စသဖြင့်ကဏ္ဍများစွာတွင် လိင်စာမျက်နှာ ကြည့်ရှုသူဦးရေ များပြားသည်။ ယနေ့ Facebook Policy အရ လိင်နှင့်သက်ဆိုင်သော Facebook Account များကို ပြည်ပနိုင်ငံ များကဲ့သို့ တရားဝင်မဟုတ်ပါက အလွယ်တကူဖွင့်၍မရတော့ပေ။ 
သို့သော် မြန်မာနိုင်ငံမှ အချို့သောသူများသည် ယင်းကဲ့သို့သော အကောင့်များ၊ Page များကို ပုံစံတမျိုးဖြင့် ဖွင့်လှစ်ကာ လှုပ်ရှားနေကြသည်။ ထို့အပြင် ပြည်တွင်း Social Natwork App များဖြစ်သော Beetalk, Mychat App များတွင် Sex Chat သည့် ကိစ္စရပ်ကို တွင်တွင်ကျယ်ကျယ်အသုံးပြုလာကြသည်။
Sex Chat သည်သာမက လိင်နှင့်ပတ်သက်သော ဆက်သွယ်မှုများကိုပါပြုလုပ်လာကြသည်။ Sex chat ရာတွင် နှစ်ဦးသဘောတူ chat ကြသည်များရှိသလို ယောကျာ်းလေး၏ လွန်လွန်ကျူးကျူး အပြော များကြောင့် ရိုးရိုးရှင်းရှင်းအသုံးပြုနေသော မိန်းကလေးများအတွက် စိတ်သောက ဖြစ်စရာ ကြုံရပေ သည်။ “ညီမ Beetalk သုံးတာ တစ်နှစ်လောက်ရှိပါပြီ။ အချို့က အင်္ဂလိပ်လို hi,are you interested in sex? ဆိုတာမျိုး ယဉ်ယဉ်ကျေးကျေး စာပို့တာတွေရှိသလို အချို့ယောကျာ်းလေး အကောင့်တွေက အရမ်းရိုင်းပါ တယ်။ အဲဒီလိုရိုင်းတဲ့ စာတွေပို့လာရင် အရမ်းစိတ်ညစ်ရပါတယ်” ဟု အရောင်းဝန်ထမ်း လုပ်ကိုင်နေသော မိန်းကလေးတစ်ဦးက သူ့အတွေ့အကြုံကို ပြောပြသည်။
“အစ်မအနေနဲ့ အရင်ကတော့ ကလပ်ကိုသွားပါတယ်။ အခုနောက်ပိုင်း ဘားတွေပေါ်လာတော့ ဘားတွေသွားပါတယ်။ ပုံမှန်အနေနဲ့ ဝင်ငွေရနေတာတော့ မဟုတ်ပါဘူး။ အခုအစ်မ အင်တာနက် အသုံးပြုပြီး နောက်ပိုင်းမှာ အပြင်သိပ်မသွားတော့ပါဘူး။ လိုင်းပေါ်ကနေပဲ ဧည့်သည်တွေရလာတတ်ပါတယ်” ဟု လိင်ဖျော်ဖြေမှုအလုပ်လုပ်ကိုင်သူ မမီးမီး (အမည်လွှဲ) ကပြောသည်။
တစ်ခါတစ်ရံတွင် Sex Chat သည်ဟုဆိုကာ ဖုန်းဘေလ်လိမ်လည်မှုများလည်း ရှိနေတတ်ကြောင်းကို လူငယ်တစ်ဦးက ပြောသည်။ ယခုကဲ့သို့ အင်တာနက်အသုံးပြုမှု ကျယ်ပြန့်လာပြီး နောက်ပိုင်းတွင် Sex Chat သည့်ကိစ္စရပ်များသည် အချို့သော အင်တာနက်အသုံးပြုသူများအကြား ရေပန်းစားလာခဲ့သည်။
အလိုတူသည်များရှိသလို၊ အလိုမတူမှုများလည်းရှိနေတတ်ပေသည်။ အလိုမတူသည့် မိန်းကလေး အကောင့်မှ ပုံများကို ယူကာ ညစ်ညမ်း Page များတွင်လည်းကောင်း၊ Group များတွင်လည်းကောင်း ဖြန့်ဝေ မှုများရှိနေသည်။ အဆိုပါကိစ္စရပ်များအတွက် မည်သူတစ်ဦးတစ်ယောက်ကမျှ တာဝန်ယူ ဖြေရှင်းပေးမှုများ မရှိခဲ့ကြောင်း ကုမ္ပဏီဝန်ထမ်းမိန်းကလေးတစ်ဦးက ပြောသည်။ “ညီမဖြစ်ခဲ့တာက ၂၀၁၆ ခုနှစ် စက်တင်ဘာလလောက်မှာဖြစ်ခဲ့တာပါ။ ညီမကို Chat Box ကနေ ညစ်ညမ်းစာတွေပို့တယ်။ ညီမ ဘာမှပြန်မပြောဘဲ ငြိမ်သွားမလားလို့ ထားလိုက်မိတယ်။ နောက်တစ်ပတ်လောက်ကြာတော့ ရုံးက မောင်လေးတစ်ယောက်က အစ်မပုံတွေ အဲဒီမှာပြန့်နေတယ်ပြောလို့ အစ်ကိုတစ်ယောက်ရဲ့ အကူအညီနဲ့ ဝင်ကြည့်ခိုင်းလိုက်တာ မဖွယ်မရာတွေပြောပြီးတင်ထားတာ အများကြီးပဲ။ အဲဒါကို Cyber Crime ကိုတိုင်တော့လည်း ဘာမှ အကျိုးသက်ရောက်မှုမဖြစ်ခဲ့ပါဘူး။” ဟု ထပ်ဆင့်ရှင်းပြသည်။
ဘယ်လို ဖြေရှင်းသင့်သလဲ
==================
အစိုးရပိုင်းအနေနဲ့ အွန်လိုင်းပေါ်မှာ ဖြစ်ပျက်နေတဲ့ လိင်မှုဆိုင်ရာကျူးလွန်စော်ကားမှုတွေ၊ အသရေပျက်စီးမှုတွေအတွက် ဖြေရှင်းပေးနိုင်မည့် နည်းလမ်းတစ်ခုကို ပြုလုပ်သင့်ပါတယ်။ အလိုတူအလိုပါဖြစ်ခြင်းကြောင့် Sex Chat ကြခြင်း၊ အပြင်မှာ ချိန်းတွေ့ကြခြင်းသည် ပြဿနာ မကြီးထွားသောလည်း သမရိုးကျအွန်လိုင်းသုံးစွဲနေသော မိန်းမပျိုများအတွက် ကာကွယ်မှုဆိုင်ရာ လုပ်ငန်းစဉ်တစ်ရပ်ကို ဖော်ဆောင်ပေးသင့်သည်။
ဘာသာတရားနှင့် ယဉ်ကျေးမှုများကြောင့် Sex Industrial Zone မပြုလုပ်နိုင်သေးလျှင်သော်လည်းကောင်း၊ အကြောင်းအမျိုးအမျိုးကြောင့် Sex Industrial Zone မဖော်ဆောင်နိုင်သေးလျှင်သော်လည်းကောင်း မဖြစ်မနေအားဖြင့် Sex နှင့်ပတ်သက်သော ပြင်ပဥပဒေ၊ နည်းပညာဆိုင်ရာဥပဒေ တစ်ရပ်ရပ်ကို ပြဋ္ဌါန်းပေးသင့်သည်။
ထိုသို့မဟုတ်လျှင် ခိုးကြောင်ခိုးဝှက် လိင်ဆန္ဒများကို ဖြေဖျောက်ကြရင်း မူခင်းများဖြစ်ပေါ် နေဦးမည် ဖြစ်သည်။ ထို့အပြင် Cyber Crime အနေဖြင့်လည်း လူသိထင်ရှားလာသော လိင်ပြဿနာများကို ဖြေရှင်းပေး သည်ထက် သိုသိုသိပ်သိပ်တိုင်ကြားနေသော မိန်းမပျိုလေးများ၏ လိင်ပိုင်းဆိုင်ရာကျူးလွန် စော်ကားမှုများကို သေချာစွာကိုင်တွယ်ဖြေရှင်းပေးသင့်ပေသည်။ အစိုးရအနေဖြင့် မြေပြင်အခြေအနေ မဟုတ် သော အွန်လိုင်း ပေါ်က Sex နှင့်ပတ်သက်သော ပြဿနာများကို ကျနစွာကိုင်တွယ် မပေးနိုင်သေးလျှင် ယခုခရမ်းပြာကဲ့သို့ သော ညစ်ညမ်းရုပ်ရှင်ဖြန့်ချိမှုများသာမက လူမသိသူမသိသော အွန်လိုင်းလိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုများ သည် မြေပြင်သို့ရောက်ရှိလာနိုင်ပြီး မဆုံးနိုင်သော အဓမ္မပြုကျင့်မှုများ၊ နောက်ဆက်တွဲပြဿနာ ရပ်များကို ဖြေရှင်း ပေးနေရဦးမည်ဟု ထင်မြင်မိပါကြောင်း။
လေးစားခင်မင်စွာဖြင့်
သုနောင် (၂၇.၄.၂၀၁၇)
ထပ်ဆင့်ကူးယူဖော်ပြပါက အသိပေးပါရန်လေးစားစွာမေတ္တာရပ်ခံအပ်ပါသည်။
Powered by Blogger.