တစ်နှစ်အရွယ် သမီးငယ် လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်စော်ကားခြင်းခံရ


ဒီကိစ္စကတော့ တရုတ်နိုင်ငံမှာ ဖြစ်ပွားခဲ့တာပါ။ တရုတ်နိုင်ငံ Zhejiang ပြည်နယ်မှာ တစ်နှစ်နဲ့ လေးလသားအရွယ် မိန်းကလေးငယ်တစ်ဦးကို အမျိုးသားတစ်ဦးက လူမဆန်စွာ စော်ကားခဲ့တယ်လို့ သိရပါတယ်။ ဒီကိစ္စဟာ ယခုလူမှုကွန်ယက်မှာ ပျံ့နှံ့နေပြီး တရုတ်လူမျိုးအများစုကတော့ ကျူးလွန်သူကို အလွန်အမင်းဒေါသထွက်နေကြပါတယ်။
စကားပြောတတ်တဲ့ အရွယ်မဟုတ်တာကြောင့် ကျူးလွန်ခံထားရတာကို မိခင်က diaper လဲဖို့ လုပ်ချိန်မှ သွေးတွေစွန်းထင်းနေတာကို မင်္သကာဖွယ်တွေ့ခဲ့ရတာပါ။ ဒါ့ကြောင့် ကလေးကို ဆရာဝန်ပြကြည့်တော့မှ ကလေးငယ်ရဲ့ သားအိမ်နံရံဟာစုတ်ပြတ်နေပြီး အဓမ္မပြုကျင့်ခံထားရမှန်း သိခဲ့ရတယ်လို့ ဆိုပါတယ်။
ကလေးငယ်ကို ကျူးလွန်ခဲ့သူကတော့ ၄င်းတို့ မိသားစုနဲ့ရင်နှီးသူတစ်ဦးဖြစ်ပြီး အိမ်ကိုလည်း မကြာခဏလာလည်သူတစ်ယောက်ဖြစ်တယ်လို့ သိရပါတယ်။ ကျူးလွန်သူဟာ တစ်နေ့မှာ ကလေးငယ်ကို မိနစ်လေးဆယ်ခန့် အပြင်ခေါ်သွားကြောင်း ပြန်လာပို့ချိန်မှာ ကလေးငယ်ဟာ ဖြူဖျော့နေပြီး ခံစားချက်မဲ့ပုံစံဖြစ်နေတယ်လို့ မိခင်ဖြစ်သူက ဆိုပါတယ်။ လက်ရှိမှာတော့ ကလေးငယ်ဟာ ဆေးကုသမှုခံယူလျက်ရှိပြီး ကျူးလွန်သူဟု ယူဆရသော အသက် (၅၀) အရွယ် ရင်းနှီးသူအမျိုးသားကို ရဲတပ်ဖွဲ့က စစ်ဆေးမှုတွေ ပြုလပ်နေတ
်လို့ သိရပါတယ်။
Source: Buzz
Go Goe
Powered by Blogger.