ေတာင္ႏွင့္ေျမာက္ကုိရီးယား ႏွစ္ႏိုင္ငံအၿပိဳင္ လက္နက္ႀကီးမ်ား စမ္းသပ္ပစ္ခတ္ (႐ုပ္သံ)


ေတာင္နဲ႔ ေျမာက္ကိုရီးယား ႏွစ္ႏိုင္ငံဆက္ဆံေရး အေျခအေန တင္းမာေနခဲ့ခ်ိန္မွာ ကိုရီးယားကၽြန္းဆြယ္ေပၚမွ ၂ ႏိုင္ငံ အၿပိဳင္ လက္နက္ႀကီးစမ္းသပ္မႈေတြ လုပ္ေဆာင္ေနၾကတာဟာ စစ္ပြဲအတြက္ ျပင္ဆင္ေနၾကသလားဆိုတဲ့ ေမးခြန္းထုတ္စရာပါပဲ။
၂ ႏိုင္ငံအၿပိဳင္ ခုလိုလုပ္ေဆာင္ေနၾကတာဟာ ေသြးထြက္သံယိုစစ္ပြဲေတြ ျဖစ္လာေစဖို႔ ဦးတည္ေနတာျဖစ္တယ္လို႔ ဧၿပီ ၂၆ ရက္ေန႔ ေမရာသတင္းက ဆိုပါတယ္။
ေျမာက္ကိုရီးယားေခါင္းေဆာင္ ကင္ဂ်ံဳအန္းဟာ ကိုရီးယားအမ်ိဳးသားတပ္မေတာ္ရဲ႕ ၈၅ ႏွစ္ေျမာက္ ႏွစ္ပတ္လည္အခမ္းအနားမွာ အေျမာက္တပ္ကို လက္နက္ႀကီး ၄၀၀ အထိ ေဖာက္ခြဲစမ္းသပ္ဖို႔ အမိန္႔ထုတ္ခဲ့ၿပီး ေစာင့္ၾကည့္ေနခ်ိန္မွာ ေတာင္ကိုရီးယားကလည္း သူတို႔ရဲ႕ လက္နက္အင္အားျပ စမ္းသပ္မႈေတြ လုပ္လာခဲ့တာပါ။
ေတာင္ကိုရီးယားႏိုင္ငံဘက္မွာေတာ့ အေမရိကန္ ပါဝင္လာၿပီး ၿပီးခဲ့တဲ့ ရက္အနည္းငယ္အတြင္းက ေတာင္ကိုရီးယားစစ္တပ္ K1A1 နဲ႔ အေမရိကန္စစ္တပ္ M1A2 တို႔ ပူးတြဲစစ္ေရးေလ့က်င့္မႈေတြ လုပ္ခဲ့ၾကတာ ျဖစ္ပါတယ္။
ေျမာက္ကိုရီးယားရဲ႕ ၿခိမ္းေျခာက္မႈရန္က ကာကြယ္ႏုိင္ဖို႔ အေမရိကန္ႏိုင္ငံမွ မရိမ္းတပ္၊ ေလတပ္၊ ၾကည္းတပ္သား အင္အား ၃ ေသာင္း ၈ ေထာင္ကို ေတာင္ကိုရီးယားႏိုင္ငံဆီ ပို႔ေဆာင္ထားခဲ့တာပါ။
ေလ့လာေစာင့္ၾကည့္သူေတြကေတာ့ အေမရိကန္ႏိုင္ငံက ဒံုးက်ည္ကာကြယ္ေရးစနစ္ မစတင္မီမွာ ေတာင္ကိုရီးယားကို ေျမာက္ကိုရီးယားႏိုင္ငံရဲ႕ ႏ်ဴကလီးယားၿခိမ္းေျခာက္မႈ အဆံုးသတ္ဖို႔အတြက္ တ႐ုတ္ႏိုင္ငံအေနနဲ႔ အဓိက အခန္းက႑ကေန ပါဝင္လာေစဖို႔ ေမွ်ာ္လင့္ေနၾကတာ ျဖစ္ပါတယ္။
DVB
Unicode
တောင်နဲ့ မြောက်ကိုရီးယား နှစ်နိုင်ငံဆက်ဆံရေး အခြေအနေ တင်းမာနေခဲ့ချိန်မှာ ကိုရီးယားကျွန်းဆွယ်ပေါ်မှ ၂ နိုင်ငံ အပြိုင် လက်နက်ကြီးစမ်းသပ်မှုတွေ လုပ်ဆောင်နေကြတာဟာ စစ်ပွဲအတွက် ပြင်ဆင်နေကြသလားဆိုတဲ့ မေးခွန်းထုတ်စရာပါပဲ။
၂ နိုင်ငံအပြိုင် ခုလိုလုပ်ဆောင်နေကြတာဟာ သွေးထွက်သံယိုစစ်ပွဲတွေ ဖြစ်လာစေဖို့ ဦးတည်နေတာဖြစ်တယ်လို့ ဧပြီ ၂၆ ရက်နေ့ မေရာသတင်းက ဆိုပါတယ်။
မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းဟာ ကိုရီးယားအမျိုးသားတပ်မတော်ရဲ့ ၈၅ နှစ်မြောက် နှစ်ပတ်လည်အခမ်းအနားမှာ အမြောက်တပ်ကို လက်နက်ကြီး ၄၀ဝ အထိ ဖောက်ခွဲစမ်းသပ်ဖို့ အမိန့်ထုတ်ခဲ့ပြီး စောင့်ကြည့်နေချိန်မှာ တောင်ကိုရီးယားကလည်း သူတို့ရဲ့ လက်နက်အင်အားပြ စမ်းသပ်မှုတွေ လုပ်လာခဲ့တာပါ။
တောင်ကိုရီးယားနိုင်ငံဘက်မှာတော့ အမေရိကန် ပါဝင်လာပြီး ပြီးခဲ့တဲ့ ရက်အနည်းငယ်အတွင်းက တောင်ကိုရီးယားစစ်တပ် K1A1 နဲ့ အမေရိကန်စစ်တပ် M1A2 တို့ ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေ လုပ်ခဲ့ကြတာ ဖြစ်ပါတယ်။
မြောက်ကိုရီးယားရဲ့ ခြိမ်းခြောက်မှုရန်က ကာကွယ်နိုင်ဖို့ အမေရိကန်နိုင်ငံမှ မရိမ်းတပ်၊ လေတပ်၊ ကြည်းတပ်သား အင်အား ၃ သောင်း ၈ ထောင်ကို တောင်ကိုရီးယားနိုင်ငံဆီ ပို့ဆောင်ထားခဲ့တာပါ။
လေ့လာစောင့်ကြည့်သူတွေကတော့ အမေရိကန်နိုင်ငံက ဒုံးကျည်ကာကွယ်ရေးစနစ် မစတင်မီမှာ တောင်ကိုရီးယားကို မြောက်ကိုရီးယားနိုင်ငံရဲ့ နျူကလီးယားခြိမ်းခြောက်မှု အဆုံးသတ်ဖို့အတွက် တရုတ်နိုင်ငံအနေနဲ့ အဓိက အခန်းကဏ္ဍကနေ ပါဝင်လာစေဖို့ မျှော်လင့်နေကြတာ ဖြစ်ပါတယ်။
Powered by Blogger.