စာမေးပွဲစာရွက်စာတမ်းများ ယူခိုင်းခဲ့ရာမှ ကျောင်းအုပ်ဆရာကို ကျောင်းသားများက ဝိုင်းဝန်းထိုးကြိတ်

 တရုတ်နိုင်ငံ စာသင်ကျောင်းတခုတွင် ကျောင်းအုပ်ဆရာမှ ကျောင်းသားတစ်ဦးအား စာမေးပွဲနဲ့ပါတ်သတ်တဲ့ မေးခွန်းစာရွက်စာတမ်းများ ယူခိုင်းခဲ့ရာမှ ကျောင်းအုပ်ဆရာနဲ့ ယင်းကျောင်းသား စကားများရန်ဖြစ်ခဲ့ကြပါတယ်။ ထို့နောက်မှာတော့ ကျောင်းအုပ် ဆရာက ကျောင်းသားကို စတင် ထိုးကြိတ်လိုက်သည့်ဖြစ်ရာ အနားရှိကျောင်းသားများ ရောက်ရှိလာပြီး ယင်း ကျောင်းအုပ်ဆရာအား ဝိုင်းဝန်းထိုးကြိတ်မှု  ဖြစ်ခဲ့ခြင်းပါ။

 အဆိုပါအဖြစ်အပြက်များကို စာသင်ခန်းရှိ CCTV ကင်မရာမှ တဆင့် ရိုက်ကူးရရှိခဲ့ပြီး တရုတ်ဆိုရှယ်မီဒီယာများ တင်ထားဖော်ပြခဲ့ကြကာ CCTV သတင်းဌာနရဲ့ အဆိုရ ကျောင်းသားကို ကျောင်းအုပ်ဆရာက စာမေးပွဲစာရွက်များ ယူခိုင်းခဲ့ရာ ယူဆောင်ပေးရန် ကျောင်းသားက ငြင်းဆန်ခဲ့ပါတယ်။ ထိုနောက်မှာတော့ ကျောင်းအုပ်ဆရာက စိတ်ဆိုးပြီး အဆိုပါကျောင်းသားအား ထိုးကြိတ်သလိုမျိုးဖြစ်သွားကာ အနားရှိကျောင်းသားများရောက်ရှိလာပြီး ကျောင်းအုပ်ဆရာကို ဝိုင်းဝန်းထိုးကြိတ်ကြပါတယ်ဟု သိရှိရပါတယ်။ 

ယင်းနောက် ရဲတပ်ဖွဲ့က ကျောင်းအုပ်ဆရာအား အဆိုပါအဖြစ်အပြက်နဲ့ ပါတ်သတ်လို့ သတင်းစာ ရှင်းလင်းမှုများ ပြုလုပ်ပေးပါရန် ဖိအားပေးနှိုးဆော်ခဲ့သည်။ ကျောင်းဆရာနဲ့ ကျောင်းသားများ ထိုးကြိတ်ကြသည့် ဗီဒီယိုဖိုင်ကိုတော့ အောက်တွင် ကြည့်ရှုနိုင်ပါတယ်။
MCNews
အရင်းအမြစ်: elitereaders
Powered by Blogger.