အဖျားတော်တော်ကြီးနေသည့် အမျိုးသမီး ကလေးငယ်တစ်ဦးနဲ့အတူ ထားဝယ်ကနေ မော်လမြိုင်မြို့သို့ ရောက်ရှိ

 ဧပြီ ၂၆ ရက်နေ့ ညသန်းခေါင်ယံ အချိန်က ၁နှစ်နဲ့ သုံးလအရွယ် ကလေးငယ်လေးနဲ့အတူ အမျိုးသမီးတစ်ဦး ထားဝယ်ကနေ မော်လမြိုင်သို့ ဆေးရုံ တက်ဖို့ရန် ရောက်လာခဲ့သည်ဟု သိရပါတယ်။
 ထားဝယ် မော်လမြိုင်ပြေးဆွဲနေသော ရွှေလီရတနာကားက ယင်းသားအမိကို ​ဈေးကြိုကားဝင်း အရှေ့မှာချထားခဲ့ပြီး အဆိုပါအမျိုးသမီးအား ဒေသခံလူမှုကူညီးရေးအသင်းက ကူညီထားခဲ့ခြင်းပါ။ အမေလုပ်သူက အဖျား​တော်​​တော်​တက်​​နေလို့ ​ဆေးရုံပို့ပေးဖို့အတွက် မော်လမြိုင် RESCUE ကို ဖုန်းဆက်​အကူအညီ တောင်းလာပါတယ်ဟု သိရပါတယ်။
 သူမပါလာတဲ့ က​လေးကလဲ တစ်​နှစ်​နဲ့သုံးလ ရှိပြီး သူ့မသည် ယောင်္ကျားနဲ့ ကွဲလာတာလို့ ဆိုပါတယ်။ သူမသည် ယောက်ကျားနဲ့ ကွဲခဲ့သည်မှာ သူမ၏ က​လေး တစ်နှစ်​ပြည့်​မှာ ကွဲတာဖြစ်ပြီး သူ့မိဘ လိပ်​စာကို​တော့ သူသိတယ်​ဟု ဆိုပါတယ်။ သူမကို နီးစပ်ရာ သိသူများ ရှိပါက ကူညီပေးကြပါရန် ဒေသခံများက လိုလားနေသည် ဖြစ်ကြောင်း ရေးသားဖော်ပြလိုက်ပါတယ်။
MCNews
အရင်းအမြစ်: Mawlamyine Rescue
Powered by Blogger.