မိဘနွစ္ပါးစလံုးကိုေခါင္းျဖတ္ ၊ ခႏၶာကိုယ္ကို ဆားသိပ္ျပီး ခ်က္စားခဲ့တဲ့သား




ေဟာင္ေကာင္ရဲေတြဟာ လူသတ္မႈတစ္ခုကို လုိက္ရင္း ေရခဲေသတၱာထဲမွာ ေခါင္းျပတ္နွစ္လံုးနဲ႔ ခႏၶာကိုယ္ အစိတ္အပိုင္းေတြကို ေတြ႕ခဲ့ပါတယ္။

ဒီေခါင္းနွစ္လံုးဟာ သက္ၾကီးပိုင္း ဇနီးေမာင္နွံ နွစ္ဦးရဲ႕ ေခါင္းေတြျဖစ္ျပီး ၄င္းတို႔ရဲ႕သားက သတ္ခဲ့တာျဖစ္ပါတယ္။သတ္ျပီးတဲ့အခါမွာ ေခါင္းကိုျဖတ္၊ ဆားသိပ္ျပီး ခ်က္စားခဲ့တယ္လို႔ ဆိုပါတယ္။

South China Morning Post ရဲ႕အဆိုအရ အသက္ ၃၀ အရြယ္ သားျဖစ္သူ Chau Hoi-leung နဲ႔ ၄င္းရဲ႕သူငယ္ခ်င္း ၃၆ နွစ္အရြယ္ Tse Chun-kei တို႔ဟာ ေဟာင္ေကာင္ အထက္တရားရုံးမွာ တရားရင္ဆိုင္ေနရျပီ ျဖစ္ပါတယ္။

လူသတ္မႈဟာ လြန္ခဲ့တဲ့နွစ္ မတ္လ ၁ ရက္ေန႔က ျဖစ္ပြားခဲ့တာျဖစ္ျပီး မိဘနွစ္ပါးကို သူငယ္ခ်င္း Tse ရဲ႕အိမ္ကိုဖိတ္ကာ သတ္ျဖတ္ခဲ့တာ ျဖစ္ပါတယ္။
သတ္ျပီးတဲ့အခါမွာ ခႏၶာကိုယ္ေတြကို အပိုင္းပိုင္းျဖတ္ျပီး ဆားသိပ္ထားခဲ့ပါတယ္။

ေျခေထာက္ေလးေခ်ာင္းကို အေျခာက္ခံစက္(dry cabinet) ထဲ ထည့္ထားခဲ့ျပီး ေခါင္းနဲ႔အျခားအဂၤါမ်ားကိုေတာ့ ေရခဲေသတၱာထဲ ထည့္ထားခဲ့တာျဖစ္ပါတယ္။
မတ္လ ၁၅ ရက္ေန႔မွာ ရဲမ်ားဟာ ေခါင္းမ်ားရွိရာ ေရခဲေသတၱာ၊ အသားနဲ႔အျခားကိုယ္အဂၤါမ်ား သိုေလွာင္ထားရာ ပလတ္စပံုးတို႔ကို ေတြ႕ခဲ့ျပီးေနာက္ပိုင္း ၄င္းတို႔ကို ဖမ္းဆီးစြဲခ်က္တင္ခဲ့တာျဖစ္ပါတယ္။

၄င္းရဲ႕သူငယ္ခ်င္း Tse နဲ႔အတူ လြန္ခဲ့တဲ့ တစ္နွစ္ခြဲကတည္းက ၾကိဳတင္ၾကံစည္ခဲ့တာလို႔ သားျဖစ္သူ Chu က ဝန္ခံခဲ့ျပီး သူ႔အဆိုအရ မိဘမ်ားနဲ႔သူ႔ၾကားမွာရွိတဲ့ ဆက္ဆံေရးေၾကာင့္ ဒီလိုလုပ္ခဲ့တာ ျဖစ္ပါတယ္။
သူ႔မိဘမ်ားကသာ အမွန္တကယ္အျပစ္ရွိသူမ်ား ျဖစ္တယ္လို႔ လည္း ၄င္းကေျပာၾကားခဲ့ပါတယ္။
သတ္ျပီးတဲ့အခါမွာ ပင္လယ္နဲ႔ နယ္ဘက္ကိုသြားျပီး အခ်ိဳ႕အစိတ္အပိုင္းေတြကို ၾကဲခ်ခဲ့ေသးတယ္လို႔ဆိုပါတယ္။

credit: phothutaw



Unicode
ဟောင်ကောင်ရဲတွေဟာ လူသတ်မှုတစ်ခုကို လိုက်ရင်း ရေခဲသေတ္တာထဲမှာ ခေါင်းပြတ်နှစ်လုံးနဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတွေကို တွေ့ခဲ့ပါတယ်။

ဒီခေါင်းနှစ်လုံးဟာ သက်ကြီးပိုင်း ဇနီးမောင်နှံ နှစ်ဦးရဲ့ ခေါင်းတွေဖြစ်ပြီး ၄င်းတို့ရဲ့သားက သတ်ခဲ့တာဖြစ်ပါတယ်။သတ်ပြီးတဲ့အခါမှာ ခေါင်းကိုဖြတ်၊ ဆားသိပ်ပြီး ချက်စားခဲ့တယ်လို့ ဆိုပါတယ်။

South China Morning Post ရဲ့အဆိုအရ အသက် ၃၀ အရွယ် သားဖြစ်သူ Chau Hoi-leung နဲ့ ၄င်းရဲ့သူငယ်ချင်း ၃၆ နှစ်အရွယ် Tse Chun-kei တို့ဟာ ဟောင်ကောင် အထက်တရားရုံးမှာ တရားရင်ဆိုင်နေရပြီ ဖြစ်ပါတယ်။

လူသတ်မှုဟာ လွန်ခဲ့တဲ့နှစ် မတ်လ ၁ ရက်နေ့က ဖြစ်ပွားခဲ့တာဖြစ်ပြီး မိဘနှစ်ပါးကို သူငယ်ချင်း Tse ရဲ့အိမ်ကိုဖိတ်ကာ သတ်ဖြတ်ခဲ့တာ ဖြစ်ပါတယ်။
သတ်ပြီးတဲ့အခါမှာ ခန္ဓာကိုယ်တွေကို အပိုင်းပိုင်းဖြတ်ပြီး ဆားသိပ်ထားခဲ့ပါတယ်။

ခြေထောက်လေးချောင်းကို အခြောက်ခံစက်(dry cabinet) ထဲ ထည့်ထားခဲ့ပြီး ခေါင်းနဲ့အခြားအင်္ဂါများကိုတော့ ရေခဲသေတ္တာထဲ ထည့်ထားခဲ့တာဖြစ်ပါတယ်။
မတ်လ ၁၅ ရက်နေ့မှာ ရဲများဟာ ခေါင်းများရှိရာ ရေခဲသေတ္တာ၊ အသားနဲ့အခြားကိုယ်အင်္ဂါများ သိုလှောင်ထားရာ ပလတ်စပုံးတို့ကို တွေ့ခဲ့ပြီးနောက်ပိုင်း ၄င်းတို့ကို ဖမ်းဆီးစွဲချက်တင်ခဲ့တာဖြစ်ပါတယ်။

၄င်းရဲ့သူငယ်ချင်း Tse နဲ့အတူ လွန်ခဲ့တဲ့ တစ်နှစ်ခွဲကတည်းက ကြိုတင်ကြံစည်ခဲ့တာလို့ သားဖြစ်သူ Chu က ဝန်ခံခဲ့ပြီး သူ့အဆိုအရ မိဘများနဲ့သူ့ကြားမှာရှိတဲ့ ဆက်ဆံရေးကြောင့် ဒီလိုလုပ်ခဲ့တာ ဖြစ်ပါတယ်။
သူ့မိဘများကသာ အမှန်တကယ်အပြစ်ရှိသူများ ဖြစ်တယ်လို့ လည်း ၄င်းကပြောကြားခဲ့ပါတယ်။
သတ်ပြီးတဲ့အခါမှာ ပင်လယ်နဲ့ နယ်ဘက်ကိုသွားပြီး အချို့အစိတ်အပိုင်းတွေကို ကြဲချခဲ့သေးတယ်လို့ဆိုပါတယ်။
www.myanmarlatestnews.com
Powered by Blogger.