ေျမာက္ကိုရီးယားကုိ အေမရိကန္တို႔ အမွန္တကယ္စတင္တိုက္ခိုက္မည့္လကၡဏာမ်ား ေတြ ့ျမင္လာရ


အေမရိကန္တို ့အဆင့္ဆင့္တကယ္စစ္ျပင္လာသည္ကိုေတြ ့ျမင္ရသျဖင့္ ေျမာက္ကိုရီးယားတို ့အား တရုတ္ႏိုင္ငံက အစဥ္အလာမဟုတ္သည့္ျပင္းထန္စြာသတိေပး - - -
ခါတိုင္းကမၻာ ့အေရးအခင္းျဖစ္စဥ္မ်ားကဲ့သို ့စစ္အင္အားျပသျခင္းမ်ိဳးသာမဟုတ္ေတာ့ဘဲ အေမရိကန္တို့ကေဒသတြင္းအဓိကမဟာမိတ္ႏိုင္ငံမ်ားႏွင့္ညိွႏိွဳင္းျပီး တဆင့္ျပီးတဆင့္စစ္ျပင္လာကာ လိုအပ္ပါကအမွန္တကယ္စတင္တိုက္ခိုက္မည့္လကၡဏာမ်ား ေတြ ့ျမင္လာရသျဖင့္ အာဏာရွင္ေျမာက္ကိုရီးယားတို ့ရဲ ့တစ္ဥိးတည္းေသာစီးပြါးေရးအဓိကကုန္သြယ္ဖက္ျဖစ္သည့္ တရုတ္ႏုိင္ငံက ေျမာက္ကိုရီးယားတို ့အားအတိအလင္းတိုက္ရိုက္သတိေပးလာတာကို အစဥ္အလာမဟုတ္ဘဲေတြ ့ရိွရပါတယ္။

Image may contain: sky and outdoor

Image may contain: sky, ocean, cloud and outdoor



တရုတ္ကြန္ျမဴနစ္ပါတီအာေဘာ္ကိုထင္ဟပ္ေရးသားေလ့ရိွသည့္ႏိုင္ငံပိုင္ "The Global Times" သတင္းစာက ေျမာက္ကိုရီးယားတို ့အေနျဖင့္ ႏ်ဴေဖါက္ခြဲစမ္းသပ္မွဳ ထပ္မံျပဳလုပ္ခဲ့ပါက ေနာက္ေႀကာင္းျပန္လွည့္မရ၊ျပန္လမ္းမရိွသည့္အေျခအေနထိ ေရာက္ရိွသြားမည္ျဖစ္ေႀကာင္း၊ စစ္ျဖစ္ပြါးပါက ပါ၀င္ပါတ္သက္သူအားလံုးထိခိုက္ႀကမည္ျဖစ္ျပီးအထိခိုက္အဆံုးရွံဳးဆံုးကေတာ့ ေျမာက္ကိုရီးယားတို ့သာျဖစ္မည္ျဖစ္ေႀကာင္း စသျဖင့္ ေရးသားထားတာကိုေတြ ့ရိွရပါတယ္။
အေမရိကန္ပစိဖိတ္စစ္ဌါနခ်ဳပ္က ေလယာဥ္တင္သေဘၤာႀကီး USS Carl Vinson (CVN-70) ဦးေဆာင္သည့္ တိုက္ခိုက္ေရးသေဘၤာအုပ္စုႀကီး CSG-1 အား ကိုရီးယားကၽြန္းဆြယ္သို ့အမိန္ ့ေပးေစလႊတ္စဥ္က အေမရိကန္ေရတပ္သေဘၤာမ်ားအားဘာလုပ္ညာလုပ္မည္၊ႏွစ္ျမွဳပ္ပစ္မယ္ စသျဖင့္ႀကိမ္း၀ါးခဲ့ေသာ ေျမာက္ကိုရီးယားတို ့အား အေမရိကန္တို ့ကယခင္စစ္ေရးခင္းက်င္းမွဳမ်ားႏွင့္မတူညီသည့္ပံုစံျဖင့္တုန္ ့ျပန္ခဲ့ပါတယ္။ မူလေႀကျငာထားခဲ့သည့္ေရတပ္သေဘၤာမ်ားအား ဗ်ဴဟာေျပာင္း/တပ္ေဖ်ာက္လွဳပ္ရွားေစခဲ့ျပီး ယခင္စစ္ေရးလွဳပ္ရွားမွဳမ်ားတြင္သံုးခဲသည့္ ႏ်ဴစြမ္းအင္သံုးေရငုပ္သေဘၤာမ်ားအားေျမာက္ကိုရီးယားအနီးအနားသို ့ေစာစီးစြာေရာက္ရိွတပ္စြဲေစခဲ့ပါတယ္။

Image may contain: sky and outdoor

Image may contain: sky and outdoor


ရုတ္တရက္ေစာစီးစြာေရာက္ရိွတပ္စြဲလာသည့္ ႏ်ဴစြမ္းအင္သံုးအေမရိကန္ေရငုပ္သေဘၤာမ်ားအား မာန္တက္ေနေသာေျမာက္ကိုရီးယားတို ့မည္သို ့ပင္ဆိုေစကာမူ မတုန္လွဳပ္၊ဂရုမစိုက္၍မရေပ။ အေမရိကန္ ႏ်ဴေရငုပ္သေဘၤာတစ္စင္းစီတြင္တင္ေဆာင္လာေသာ Tomahawk ခရုဇ္ဒံုးက်ည္အေရအတြက္ဟာအနည္းဆံုး(၁၅၄စင္း)ရိွသျဖင့္ ေလယာဥ္တင္သေဘၤာႀကီးCarl Vinson (CVN-70)ထက္ပင္ပိုမ်ားပါတယ္။ လြန္ခဲ့ေသာ ႏွစ္ေပါင္း(၄၀)ေက်ာ္ကတည္းကစတင္တီထြင္ထုတ္လုပ္ခဲ့ျပီး အႀကိမ္ေပါင္းမ်ားစြာ ျပဳျပင္အဆင့္ျမွင့္ခဲ့သည့္ အေမရိကန္တို ့ရဲ ့Tomahawk ဟာ ရာသီဥတုမေရြး၊ တာေ၀းပစ္၊အနိမ့္ပ်ံ ခရုဇ္ဒံုးက်ည္အမ်ိဳးအစားျဖစ္ကာ စစ္ဖက္သံုးေရဒါစနစ္အမ်ားစုအားေရွာင္ကြင္းႏုိင္သည့္အျပင္ အကယ္၍ေရငုပ္သေဘၤာမ်ားက ေရေအာက္မွသာရုတ္တရက္ပစ္ခတ္မည္ဆိုပါက ေျမာက္ကိုရီးယားတို ့အေပၚလြန္စြာႀကီးမားေသာျခိမ္းေျခာက္မွဳျဖစ္ေစပါတယ္။
ဒီအေတာအတြင္းမွာဘဲ အေမရိကန္သမၼတအိမ္ျဖဴမွဖိတ္ေခၚမွဳေႀကာင့္ အေမရိကန္ဆီးနိတ္လႊတ္ေတာ္အမတ္အားလံုးဟာထူးျခားစံုညီစြာျဖင့္သြားေရာက္ႀကျပီး ေျမာက္ကိုရီးယားအေရးကိစၥႏွင့္ပါတ္သက္သည့္အစီရင္ခံစာအားတင္ျပတာကိုနားေထာင္ခဲ့ႀကပါတယ္။အေမရိကန္အစိုးရဖက္မွ တစံုတရာအေရးႀကီးကိစၥအားဆံုးျဖတ္ေဆာင္ရြက္သည့္အခါ လႊတ္ေတာ္ဖက္မွနားလည္သေဘာတူမွဳကိုလည္းရယူထားသည့္သေဘာျဖစ္တယ္ဟုအမ်ားကရွဳျမင္ႀကပါတယ္။
 Dr.Myo Tun

Image may contain: ocean, water and outdoor
Unicode
အမေရိကန်တို ့အဆင့်ဆင့်တကယ်စစ်ပြင်လာသည်ကိုတွေ ့မြင်ရသဖြင့် မြောက်ကိုရီးယားတို ့အား တရုတ်နိုင်ငံက အစဉ်အလာမဟုတ်သည့်ပြင်းထန်စွာသတိပေး - - -
ခါတိုင်းကမ္ဘာ ့အရေးအခင်းဖြစ်စဉ်များကဲ့သို ့စစ်အင်အားပြသခြင်းမျိုးသာမဟုတ်တော့ဘဲ အမေရိကန်တို့ကဒေသတွင်းအဓိကမဟာမိတ်နိုင်ငံများနှင့်ညှိနှိုင်းပြီး တဆင့်ပြီးတဆင့်စစ်ပြင်လာကာ လိုအပ်ပါကအမှန်တကယ်စတင်တိုက်ခိုက်မည့်လက္ခဏာများ တွေ ့မြင်လာရသဖြင့် အာဏာရှင်မြောက်ကိုရီးယားတို ့ရဲ ့တစ်ဥိးတည်းသောစီးပွါးရေးအဓိကကုန်သွယ်ဖက်ဖြစ်သည့် တရုတ်နိုင်ငံက မြောက်ကိုရီးယားတို ့အားအတိအလင်းတိုက်ရိုက်သတိပေးလာတာကို အစဉ်အလာမဟုတ်ဘဲတွေ ့ရှိရပါတယ်။
တရုတ်ကွန်မြူနစ်ပါတီအာဘော်ကိုထင်ဟပ်ရေးသားလေ့ရှိသည့်နိုင်ငံပိုင် "The Global Times" သတင်းစာက မြောက်ကိုရီးယားတို ့အနေဖြင့် နျူဖေါက်ခွဲစမ်းသပ်မှု ထပ်မံပြုလုပ်ခဲ့ပါက နောက်ကြောင်းပြန်လှည့်မရ၊ပြန်လမ်းမရှိသည့်အခြေအနေထိ ရောက်ရှိသွားမည်ဖြစ်ကြောင်း၊ စစ်ဖြစ်ပွါးပါက ပါဝင်ပါတ်သက်သူအားလုံးထိခိုက်ကြမည်ဖြစ်ပြီးအထိခိုက်အဆုံးရှုံးဆုံးကတော့ မြောက်ကိုရီးယားတို ့သာဖြစ်မည်ဖြစ်ကြောင်း စသဖြင့် ရေးသားထားတာကိုတွေ ့ရှိရပါတယ်။
အမေရိကန်ပစိဖိတ်စစ်ဌါနချုပ်က လေယာဉ်တင်သင်္ဘောကြီး USS Carl Vinson (CVN-70) ဦးဆောင်သည့် တိုက်ခိုက်ရေးသင်္ဘောအုပ်စုကြီး CSG-1 အား ကိုရီးယားကျွန်းဆွယ်သို ့အမိန် ့ပေးစေလွှတ်စဉ်က အမေရိကန်ရေတပ်သင်္ဘောများအားဘာလုပ်ညာလုပ်မည်၊နှစ်မြှုပ်ပစ်မယ် စသဖြင့်ကြိမ်းဝါးခဲ့သော မြောက်ကိုရီးယားတို ့အား အမေရိကန်တို ့ကယခင်စစ်ရေးခင်းကျင်းမှုများနှင့်မတူညီသည့်ပုံစံဖြင့်တုန် ့ပြန်ခဲ့ပါတယ်။ မူလကြေငြာထားခဲ့သည့်ရေတပ်သင်္ဘောများအား ဗျူဟာပြောင်း/တပ်ဖျောက်လှုပ်ရှားစေခဲ့ပြီး ယခင်စစ်ရေးလှုပ်ရှားမှုများတွင်သုံးခဲသည့် နျူစွမ်းအင်သုံးရေငုပ်သင်္ဘောများအားမြောက်ကိုရီးယားအနီးအနားသို ့စောစီးစွာရောက်ရှိတပ်စွဲစေခဲ့ပါတယ်။
ရုတ်တရက်စောစီးစွာရောက်ရှိတပ်စွဲလာသည့် နျူစွမ်းအင်သုံးအမေရိကန်ရေငုပ်သင်္ဘောများအား မာန်တက်နေသောမြောက်ကိုရီးယားတို ့မည်သို ့ပင်ဆိုစေကာမူ မတုန်လှုပ်၊ဂရုမစိုက်၍မရပေ။ အမေရိကန် နျူရေငုပ်သင်္ဘောတစ်စင်းစီတွင်တင်ဆောင်လာသော Tomahawk ခရုဇ်ဒုံးကျည်အရေအတွက်ဟာအနည်းဆုံး(၁၅၄စင်း)ရှိသဖြင့် လေယာဉ်တင်သင်္ဘောကြီးCarl Vinson (CVN-70)ထက်ပင်ပိုများပါတယ်။ လွန်ခဲ့သော နှစ်ပေါင်း(၄၀)ကျော်ကတည်းကစတင်တီထွင်ထုတ်လုပ်ခဲ့ပြီး အကြိမ်ပေါင်းများစွာ ပြုပြင်အဆင့်မြှင့်ခဲ့သည့် အမေရိကန်တို ့ရဲ ့Tomahawk ဟာ ရာသီဥတုမရွေး၊ တာဝေးပစ်၊အနိမ့်ပျံ ခရုဇ်ဒုံးကျည်အမျိုးအစားဖြစ်ကာ စစ်ဖက်သုံးရေဒါစနစ်အများစုအားရှောင်ကွင်းနိုင်သည့်အပြင် အကယ်၍ရေငုပ်သင်္ဘောများက ရေအောက်မှသာရုတ်တရက်ပစ်ခတ်မည်ဆိုပါက မြောက်ကိုရီးယားတို ့အပေါ်လွန်စွာကြီးမားသောခြိမ်းခြောက်မှုဖြစ်စေပါတယ်။
ဒီအတောအတွင်းမှာဘဲ အမေရိကန်သမ္မတအိမ်ဖြူမှဖိတ်ခေါ်မှုကြောင့် အမေရိကန်ဆီးနိတ်လွှတ်တော်အမတ်အားလုံးဟာထူးခြားစုံညီစွာဖြင့်သွားရောက်ကြပြီး မြောက်ကိုရီးယားအရေးကိစ္စနှင့်ပါတ်သက်သည့်အစီရင်ခံစာအားတင်ပြတာကိုနားထောင်ခဲ့ကြပါတယ်။အမေရိကန်အစိုးရဖက်မှ တစုံတရာအရေးကြီးကိစ္စအားဆုံးဖြတ်ဆောင်ရွက်သည့်အခါ လွှတ်တော်ဖက်မှနားလည်သဘောတူမှုကိုလည်းရယူထားသည့်သဘောဖြစ်တယ်ဟုအများကရှုမြင်ကြပါတယ်။
 Dr.Myo Tun

Image may contain: ocean, water, sky, outdoor and nature
Powered by Blogger.