ကျိုက်ထိုမြို့နယ်တွင် လင်မယားရန်ဖြစ်သည့်ကြားမှ (၁)နှစ်ခွဲအရွယ်ကလေး သေဆုံး

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ဖက္ကလိပ်ကျေးရွာတွင် ဧပြီ ၂၆ ရက်က ဇနီးဖြစ်သူက ယောင်္ကျားအား ဓားဖြင့် ထိုးရန် ကြံ ရွယ်ရာမှ ယောင်္ကျားဖြစ်သူမှာ ဓားကို ပုတ်ထုတ်လိုက်ရာ ဘေးတွင် ကစားနေသည့် (၁)နှစ်ခွဲအရွယ် ကလေးငယ်၏ ထိ ပ်ကို မတော်တဆ စိုက်မိပြီး ကလေးငယ်မှာ သေဆုံးခဲ့ကြောင်း သိရှိရသည်။
မောင်ခန့်လွင်ဇော်(၂၅)နှစ်နှင့် မဝင်းသန္တာ(၁၇)နှစ်တို့ လင်မယားနှစ်ဦးသည် ယောကျာင်္းဖြစ်သူ အရက်သောက်သည့် ကိ စ္စနှင့် စကားများရန်ဖြစ်ကြရာမှ မိန်းမဖြစ်သူ မဝင်းသန္တာက မောင်ခန့်လွင်ဇော်အား ဓားဦးချွန်ဖြင့် ထိုးရန်ပြင်စဉ် ယော င်္ကျားဖြစ်သူက လက်ဖြင့် ပုတ်ထုတ်လိုက်သဖြင့် အနီးတွင် ထိုင်နေသည့် သမီးဖြစ်သူ မအိဖြူဇင်(၁)နှစ်ခွဲ၏ ဦးခေါင်း ငယ် ထိပ်အား စိုက်ဝင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“လင်မယားနှစ်ယောက်က ယောင်္ကျားဖြစ်သူ အရက်သောက်တဲ့ကိစ္စနဲ့ စကားများရာကနေ ဓားက ကလေးငယ် ထိပ်ပေါ် သွားစိုက်တာ ကလေးကို ဆေးရုံပို့ပေမယ့် ဒဏ်ရာကြောင့် ဆုံးသွားတယ်။”ဟု ကျိုက်ထိုမြို့မ ရဲစခန်းမှ ရဲအရာရှိ တစ်ဦး က ပြောသည်။
ဓားဒဏ်ရာရခဲ့သည့် မအိဖြူဇင်အား ကျိုက်ထိုမြို့နယ်ပြည်သူဆေးရုံသို့ တင်ပို့ကုသရာ အခြေအနေ စိုးရိမ်ရ သဖြင့် ပဲခူးေ ဆးရုံတွင် ဆက်လက် လွှဲပြောင်း ကုသရန်သယ်ဆောင်သွားစဉ် လမ်း၌ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဖြစ်စဉ်နှင့် ပတ်သက်၍ ကျိုက်ထိုမြို့မ ရဲစခန်းမှ ဖခင်ဖြစ်သူ မောင်ခန့်လွင်ဇော်အား (ပ)၁၈၉/၂၀၁၇ ရာဇသတ် ကြီးပုဒ်မ ၃၀၂ အရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
အောင်မြင့်ထွန်း(မြစ်မခ)
#ZMT
Powered by Blogger.