ဆရာမ မညာနဲ့နော်

ဆရာမ လွန်ခဲ့တဲ့သုံးလေးရက်ကပုသိမ်မြို့မှာrape case တစ်ခုဖြစ်သွားတာမြို့သူမြို့သားတွေသိကြပါတယ် ကောင် မလေးက၁၁နှစ်လောက်ပဲရှိပါသေးတယ် တရားခံကိုလည်းမိထားပါတယ် ပုသိမ်မြို့မရဲစခန်း စခန်းမှုးကကေ လးမေ လး အတွက်အန္တရယ်ဖြစ်မှာစိုးတာကြောင့် ကျမတို့ဆီမှာခေါ်ယူစောင့်ရှောက်ပေးဖို့ပြောပါတယ်။
အဲ့ဒါနဲ့ကလေးမလေးရဲစခန်းမှာပေးထားတဲ့လိပ်စာအတိုင်းသွားရှာပါတယ် ဒါပေမဲ့အဲ့ဒီနေရာမှာမရှိပါဘူး ကျမလည်း အဆင့်ဆင့်စုံစမ်းရင်းနဲ့လိုက်ရှာတဲ့အခါ မမျော်လင့်ထားတာတွေတွေ့ရပါတယ်။
ကလေးလေးဟာမှိုင်တွေနေမလား ကျန်းမာရေးကောဘယ်လိုရှိမလဲ ကြောက်နေမှာလား လူတွေကိုရှက်နေမှာလား လားပေါင်းစုံနဲ့ပေါ့ ကမ်းနားလမ်းကရေဆင်းတန်းစောင်းရှေ့မှာကော်ဗူးကိုယ်စီနဲ့ကလေးတစ်စုကိုသွားတွေ့ပါတယ်။
သူတိုအုပ်စုထဲကများလားဆိုပြီးလှမ်းခေါ်မေးကြည့်တော့ကောင်မလေးတစ်ယောက်ကရဲရဲတင်းတင်းပဲဟုတ်တယ်ဆိုပြီးထွက်လာပါတယ် သူ့ကိုကြည့်ရတာအေးအေးဆေးဆေးပါပဲ ဘာပြသနာမှမရှိခဲ့သလိုမျိုး အဲ့ဒီအချိန်မှာပဲကောင်လေးတ စ်ယောက်ကသူ့လက်ကိုလာဆွဲပါတယ် ဟဲ့ငါဟိုကိစ္စ ပြောနေတာ ဆိုပြီးကျမဘက်ကိုပြန်လှည့်လာတယ်။
အဲ့ဒါသူ့ယောက်ကျားပါတဲ့ ဘုရားတဖို့တောင်မလုံလောက်ပါဘူး နှစ်ယောက်စလုံးသေရောကျေရော ဆယ်နှစ်နှစ် ဝန်း ကျင်ပါပဲ ကျမမြင်ရသလောက်အပျိုမဖြစ်လောက်သေးပါဘူး အဲ့ဒီနားကဈေးသည်တွေဆိုက်ကားဆရာတွေရဲ့အပြောအရ ဆိုအဲ့ဒါမျိုးတွေအဲ့ဒီကမ်းနားတစ်လျှောက်အများကြီးပဲတဲ့ သူတို့အုပ်စုထဲကကလေးလေး တစ်ယောက်ဆို ကျမရှေ့မှာ ပဲကော်ဗူးကိုရှုလိုက် ကျန်လက်တစ်ဘက်နဲ့ဆေးပေါ့လိပ်ကိုဖွာလိုက်လုပ်နေရင်းကျမကိုပြောပါတယ် ။
ဆရာမသားကိုခေါ်သွားပါလား တဲ့ သေချာပါတယ်အဲ့ဒီကလေးက၁၀နှစ်မကျော်သေးပါဘူး ကျမကခုချက်ချင်းခေါ် သွား ဖို့ကမဖြစ်နိုင်သေးဘူးလေ ခုလက်ရှိကျမစောင့်ရှောက်ထားတဲ့ကလေးတွေနဲ့type ချင်းမတူဘူး ပြီးတော့အဲ့ဒီကလေး တစ်ယောက်ထဲမဟုတ်ပဲအဲ့ဒီနေရာကကလေးတွေအားလုံးအတွက်ကျမစဉ်းစားပါတယ်။
နောက်တော့လာခေါ်မှာပေါ့လို့ပြောတော့တကယ်နော်တဲ့ ဘယ်နှစ်ရက်စောင့်ရမလဲတဲ့ ပြီးတော့ကျမပြန်ခါနီးသူ ထ ပ်ပြောတယ် ။ ဆရာမ မညာနဲ့နော်တဲ့ သူ့အမူအရာနဲ့သူ့စကားသံကျမစိတ်ထဲမှာဖျောက်မရပါဘူး။ ပုသိမ်သူပုသိမ်သား အပေါင်းတို့ လူဆိုးတွေအလုံးအရင်းနဲ့ထွက်ပေါ်လာမှာကိုလစ်လျူမရှုကြပါနဲ့ မီးရောင်စုံထိန်လင်းပြီးဧည့် သည်လာရင် မဖြစ်မနေလိုက်ပို့ကြတဲ့ပုသိမ်ရဲ့အထင်ကရ ရေပေါ်ဈေးအောက်တည့်တည့် ကဂလိုင်ဖြစ်နေတဲ့နေရာမှာ အဲ့ဒီကလေးေ တွအလုံးအရင်းရှိနေပါတယ် ။
sex ဆိုတာအဲ့ဒီနေရာမှာထမင်းစားရေသောက်ပါပဲ မည်သူတစ်ဦးတစ်ယောက်က မှစိတ်မဝင်စားဖူးဆိုရင်တောင် ကျမ သူတို့ကိုစဉ်းစားနေပါပြီ တစ်ချိန်ချိန်မှာမရရအောင်ကျမသွားခေါ်မှာပါ သူတို့ကိုစောင့်ရှောက်ဖို့ လိုအပ်တာေ တွဖြည့်ဆ ည်းပြီးရင်ခေါ်မှာပါ ။ ဆရာမမညာဘူးဆိုပေမဲ့နဲနဲလေးတော့ကြာမှာပေါ့ တာဝန်ရှိသူများရဲ့ပံ့ပိုးမှုရခဲ့ရင်ေ တာ့မြန်နိုင်ပါ တယ် ဆရာမ မညာပါဘူးကွယ်။
ှSource : Ngwekyawl Sin
Powered by Blogger.