လက်ထပ်ပွဲပြီးပြီးချင်း ကွာရှင်းခံခဲ့ရတဲ့ သတိုးသမီး

ကိုယ်နဲ့အတူ ညစာထိုင်စားနေတဲ့သူတစ်ယောက်က ကိုယ်နဲ့ စကားမပြောဘဲ သူ့ဖုန်းနဲ့ပဲ အလုပ်ရှုပ်နေမယ်ဆိုရင် တော်ေ တ်ာစိတ်ပျက်စရာကောင်းမှာပါ။ဒီလိုလုပ်နေတဲ့သူက မိတ်ဆွေတစ်ယောက် မဟုတ်ဘဲ ကိုယ့်ရဲ့ သတိုးသမီး အသစ်စက်စ က်လေးဖြစ်နေခဲ့ရင် ဘယ်လောက်ပိုပြီးဆိုးရွားမလဲဆိုတာ စဉ်းစားကြည့်လို့ ရနိုင်ပါတယ်။
GulfNews သတင်းဌာနရဲ့ ဖော်ပြချက်အရ လက်ထပ်ခါနီး ဇနီးမောင်နှံနှစ်ယောက်ရဲ့ ဆုံးဖြတ်ချက်အားလုံးကို ပြောင်း လဲသွားစေတဲ့ အရာက မင်္ဂလာဆုတောင်းစာတွေပဲ ဖြစ်ပါတယ်တဲ့။ သတိုးသားနဲ့ သတိုးသမီးနှစ်ယောက်သား ပွဲထွက် လာကာ တစ်ဘဝလုံး လက်တွဲသွားဖို့ အပြန်အလှန် သစ္စာပြုပြီးမကြာခင်မှာပဲ သတိုးသားက သတိုးသမီးကို ကွာရှင်းခွင့်ေ တာင်းခဲ့ပါတယ်။
ဇနီးမောင်နှံ အသစ်စက်စက် နှစ်ယောက် မင်္ဂလာပွဲပြီးလို့ ဟိုတယ်ခန်းကို ရောက်တာနဲ့ သတိုးသမီးဖြစ်သူက စကားလုံး ဝမပြောနိုင်ဘဲ ဖုန်းကိုင်ပြီး သူငယ်ချင်းတွေရဲ့ မင်္ဂလာဆုတောင်းစာတွေကိုပဲ စာတွေပြန်ပို့နေခဲ့ပါတယ်တဲ့။
သတိုးသားဖြစ်သူက နှစ်ယောက်သား ချစ်ချစ်ခင်ခင်နဲ့ စကားတွေပြောပြီဲး ရင်းရင်းနှီးနှီးရှိမယ်လို့ မျှော်လင့်ခဲ့ပေမယ့် သ တိုးသမီးကတော့ ဖုန်းထဲက သူငယ်ချင်းတွေနဲ့ စကားပြောဖို့ကိုပဲ အာရုံစိုက်နေခဲ့ပါတယ်။ ဖုန်းကိုပဲ အာရုံစိုက်လွန်းနေခဲ့ တဲ့အတွက် သတိုးသားရဲ့ မကျေနပ်မှုတွေကို သတိမပြုမိခဲ့ပါဘူး။
သတိုးသားဖြစ်သူကို လုံးဝအာရုံမထားဘဲ ဖုန်းကိုပဲ ဘာကြောင့်အလေးထားနေရတာလဲလို့ မေးတဲ့အခါ သူ့သူငယ်ချင်းေ တွရဲ့ ဆုတောင်းစကားတွေကို ပြန်ပြီး ကျေးဇူးတင်စကားပြောနေတာလို့ ပြန်ပြောခဲ့ပါတယ်။ စာတွေကို နောက်မှပြန်ပို့ဖို့ ပြောတဲ့အခါ သူမက မရဘူးလို့ပြောပြီးဒေါသထွက်ခဲ့ပါတယ်။ဒါကြောင့် သတိုးသားက သူ့ထက် သူငယ်ချင်းတွေက ပို အရေးကြီးသလားလို့မေးတဲ့အခါ သတိုးသမီးက သူငယ်ချင်းတွေက ပိုအရေးကြီးတယ်လို့ ပြောခဲ့ပါတယ်တဲ့။
စိတ်မရှည်တော့တဲ့ သတိုးသားက ဟိုတယ်ခန်းထဲကနေ ဟန်းနီးမွန်းခရီးပျော်ပျော်ရွှင်ရွှင်သွားဖို့အစား သူမကို ကွာရှင်းဖို့ ကိုပဲ ရွေးချယ်လိုက်ပါတယ်။ သူတို့နှစ်ယောက်ရဲ့ ဘဝအတွက် ပျော်စရာအကောင်းဆုံး အမှတ်တရအချိန်မှာတောင် သူ့ ကို အလေးမထားတဲ့ သတိုးသမီးကို လက်တွဲလိုစိတ်မရှိတော့တာကြောင့်လို့ ဆိုခဲ့ပါတယ်။ သူ့မာနကို ထိခိုက်သွားတဲ့အ တွက် သူမကို ခွင့်လွှတ်ပေးဖို့ မဖြစ်နိုင်တော့ဘူးလို့ ပြောခဲ့ပါတယ်။
ဒီသတင်းထဲမှာပါတဲ့ သတိုးသားရဲ့ ဆုံးဖြတ်ချက်က အရမ်း မြန်တယ်လို့ သင်ထင်ပါသလား။ ဒါမှမဟုတ် ကိုယ့်သတိုးသား အသစ်စက်စက်ကို ဂရုစိုက်ဖို့ထက် မက်ဆေ့ခ်ျပို့ဖို့ပဲ အရေးကြီးနေတဲ့ မိန်းမတစ်ယောက်ကို ဒီလိုပဲ ဆုံးဖြတ်သင့်တယ်လို့ ထင်ပါသလား။သင်ဆိုရင်ရော ဘယ်လိုဆုံးဖြတ်မိမလဲ။
ကျွန်မသာဆိုရင်တော့ လက်ထပ်ဖို့အထိ စဉ်းစားပြီး လက်တွဲခဲ့ကြတဲ့သူတွေဆိုတော့ လွယ်လွယ်နဲ့ မပြတ်စဲလိုပေမဲ့ ဒီ လိုအရေးမလုပ်တာမျိုးကိုလည်း သည်းခံပြီးနေနိုင်မယ်မထင်ပါဘူး။ ဒါကြောင့် သူ့လက်ထဲကဖုန်းကို ဆွဲလုပြီး ဂရုမစို က် တာကို သည်းမခံတဲ့အကြောင်း ရန်ပွဲလေးတစ်ပွဲလောက်ဖြစ်လိုက်မယ်။ ပြီးမှ ဟန်းနီးမွန်းခရီးကို ပျော်ပျော်ကြီ်းဆက်သွား လိုက်မှာပါ။
Credit to TrendMyanmar
Powered by Blogger.