အမေရိကန်တို့ အဆင့်ဆင့်တကယ်စစ်ပြင်လာသည်ကိုတွေ့ မြင်ရသဖြင့် မြောက်ကိုရီးယားတို့ အား တရုတ်နိုင်ငံက အစဉ်အလာမဟုတ်သည့်ပြင်းထန်စွာသတိပေး

    ခါတိုင်းကမ္ဘာ့ အရေးအခင်းဖြစ်စဉ်များကဲ့သို့ စစ်အင်အားပြသခြင်းမျိုးသာမဟုတ်ဘဲ အမေရိကန်တို့ ဒေသတွင်းအဓိကမဟာမိတ်နိုင်ငံများနှင့်ညှိနှိုင်းပြီး တဆင့်ပြီးတဆင့်စစ်ပြင်လာကာ လိုအပ်ပါကအမှန်တကယ်စတင်တိုက်ခိုက်မည့်လက္ခဏာများ တွေ့ မြင်လာရသဖြင့် အာဏာရှင်မြောက်ကိုရီးယားတို့ ရဲ့ တစ်ဥိးတည်းသောစီးပွါးရေးအဓိကကုန်သွယ်ဖက်ဖြစ်သည့် တရုတ်နိုင်ငံက မြောက်ကိုရီးယားတို့ အားအတိအလင်းတိုက်ရိုက်သတိပေးလာတာကို အစဉ်အလာမဟုတ်ဘဲတွေ့ ရှိရပါတယ်။
     တရုတ်ကွန်မြူနစ်ပါတီအာဘော်ကိုထင်ဟပ်ရေးသားလေ့ရှိသည့် "The Global Times" သတင်းစာက မြောက်ကိုရီးယားတို့ အနေဖြင့် နျူဖေါက်ခွဲစမ်းသပ်မှု ထပ်မံပြုလုပ်ခဲ့ပါက နောက်ကြောင်းပြန်လှည့်မရ၊ပြန်လမ်းမရှိသည့်အခြေအနေထိ ရောက်ရှိသွားမည်ဖြစ်ကြောင်း၊ စစ်ဖြစ်ပွါးပါက ပါဝင်ပါတ်သက်သူအားလုံးထိခိုက်ကြမည်ဖြစ်ပြီးအထိခိုက်အဆုံးရှုံးဆုံးကတော့ မြောက်ကိုရီးယားတို့ သာဖြစ်မည်ဖြစ်ကြောင်း စသဖြင့် ရေးသားထားတာကိုတွေ့ ရှိရပါတယ်။
     အမေရိကန်ပစိဖိတ်စစ်ဌါနချုပ်က လေယာဉ်တင်သင်္ဘောကြီး USS Carl Vinson (CVN-70) ဦးဆောင်သည့် တိုက်ခိုက်ရေးသင်္ဘောအုပ်စုကြီး CSG-1 ကိုရီးယားကျွန်းဆွယ်သို့ အမိန့် ပေးစေလွှတ်စဉ်က အမေရိကန်ရေတပ်သင်္ဘောများအားဘာလုပ်ညာလုပ်မည်၊နှစ်မြှုပ်ပစ်မယ် စသဖြင့်ကြိမ်းဝါးခဲ့သော မြောက်ကိုရီးယားတို့ အား အမေရိကန်တို့ ကယခင်စစ်ရေးခင်းကျင်းမှုများနှင့်မတူညီသည့်ပုံစံဖြင့်တုန့် ပြန်ခဲ့ပါတယ်။ မူလကြေငြာထားခဲ့သည့်ရေတပ်သင်္ဘောများအား ဗျူဟာပြောင်း/တပ်ဖျောက်လှုပ်ရှားစေခဲ့ပြီး ယခင်စစ်ရေးလှုပ်ရှားမှုများတွင်သုံးခဲသည့် နျူစွမ်းအင်သုံးရေငုပ်သင်္ဘောများအားမြောက်ကိုရီးယားအနီးအနားသို့ စောစီးစွာရောက်ရှိတပ်စွဲစေခဲ့ပါတယ်။
     ရုတ်တရက်စောစီးစွာရောက်ရှိတပ်စွဲလာသည့် နျူစွမ်းအင်သုံးအမေရိကန်ရေငုပ်သင်္ဘောများအား မာန်တက်နေသောမြောက်ကိုရီးယားတို့ မည်သို့ ပင်ဆိုစေကာမူ မတုန်လှုပ်၊ဂရုမစိုက်၍မရပေ။ အမေရိကန် နျူရေငုပ်သင်္ဘောတစ်စင်းစီတွင်တင်ဆောင်လာသော Tomahawk ခရုဇ်ဒုံးကျည်အရေအတွက်ဟာ လေယာဉ်တင်သင်္ဘောကြီးCarl Vinson (CVN-70)ထက်ပင်ပိုများပါတယ်။ လွန်ခဲ့သော နှစ်ပေါင်း(၄၀)ကျော်ကတည်းကစတင်တီထွင်ထုတ်လုပ်ခဲ့ပြီး အကြိမ်ပေါင်းများစွာ ပြုပြင်အဆင့်မြှင့်ခဲ့သည့် အမေရိကန်တို့ ရဲ့ Tomahawk ဟာ ရာသီဥတုမရွေး၊ တာဝေးပစ်၊အသံထက်မြန်၊အနိမ့်ပျံ ခရုဇ်ဒုံးကျည်ဖြစ်ကာ စစ်ဖက်သုံးရေဒါစနစ်အများစုအားရှောင်ကွင်းနိုင်သည့်အပြင် အကယ်၍ရေငုပ်သင်္ဘောများက ရေအောက်မှသာရုတ်တရက်ပစ်ခတ်မည်ဆိုပါက မြောက်ကိုရီးယားတို့ အနေဖြင့်လွန်စွာကြီးမားသောခြိမ်းခြောက်မှုဖြစ်ပါတယ်။


     ဒီအတောအတွင်းမှာဘဲ အမေရိကန်အိမ်ဖြူမှဖိတ်ခေါ်မှုဖြင့် အမေရိကန်ဆီးနိတ်လွှတ်တော်အမတ်အားလုံးဟာထူးခြားစုံညီစွာဖြင့်သွားရောက်ကြပြီး မြောက်ကိုရီးယားအရေးကိစ္စနှင့်ပါတ်သက်သည့်အစီရင်ခံစာအားတင်ပြတာကိုနားထောင်ခဲ့ကြပါတယ်။အမေရိကန်အစိုးရဖက်မှ တစုံတရာအရေးကြီးကိစ္စအားဆုံးဖြတ်ဆောင်ရွက်သည့်အခါ လွှတ်တော်ဖက်မှနားလည်သဘောတူမှုကိုလည်းရယူထားသည့်သဘောဖြစ်တယ်ဟုအများကရှုမြင်ကြပါတယ်။ 

MCNews
အရင်းအမြစ်: ​ဒေါက်​တာ မျိုးလွင်

Powered by Blogger.